Tuesday, October 21, 2014

ဒေါ်အောင်ဆန်းစုကြည် ဖျာပုံ သဲကွင်း၊ လူထုဟောပြောပွဲ (ဓါတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည် ဖျာပုံ သဲကွင်း၊ လူထုဟောပြောပွဲ (ဓါတ်ပုံ)

17 February 2012 16:07(+0630) (3 နှစ် ခန့်က)


ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေနှင့် အတူ တွေ့ရစဉ်


ဓါတ်ပုံ(မက်စင်ဂျာ)

ဖျာပုံ တံတားကြီး ပေါ်ရှိ စည်းကမ်းမဲ့ နွားများ ရှင်းလင်း ပေးစေလို

Thursday, 27 June 2013 12:33

ဖျာပုံ တံတားကြီး ပေါ်ရှိ စည်းကမ်းမဲ့ နွားများ ရှင်းလင်း ပေးစေလို

Written by 
Rate this item
(0 votes)
စာတည်းခင်ဗျား -
ဖျာပုံ တံတားကြီးပေါ်တွင် ပိုင်ရှင်ရှိ နွားများနှင့် ပိုင်ရှင်မဲ့ နွားများ ကားလမ်းမပေါ်တွင် နေ့စဉ် ညဥ့်အိပ်ညဥ့်နေ ရှိနေသဖြင့် ခရီးသွား ပြည်သူများ အတွက် ယာဉ်အန္တရာယ် ဖြစ်စေနိုင်သည်။
အဆိုပါ တံတားကြီးပေါ်တွင် စည်းကမ်းမဲ့ နွားများ နွားချေးများ စွန့်ပစ်ထားခြင်းကြောင့် ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းစေပြီး ယာဉ်အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ဖျာပုံ တံတားကြီး ပေါ်နှင့် မြို့တွင်းလမ်းမများ ပေါ်ရှိ စည်းကမ်းမဲ့ နွားများအား သက်ဆိုင်ရာမှ အမြန်ဆုံး ရှင်းလင်း ဖယ်ရှား ပေးနိုင်ပါရန် စာတည်းထံမှ တစ်ဆင့် တင်ပြ လိုက်ရပါသည်။
ခရီးသွားပြည်သူများ

ဖျာပုံ အသိမ်းခံလယ်မှ လယ်သမား (၁၀) ဦး အာမခံနဲ့ပြန်လွတ်


ဖျာပုံ အသိမ်းခံလယ်မှ လယ်သမား (၁၀) ဦး အာမခံနဲ့ပြန်လွတ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အလန်းဖလွတ်ကျေးရွာမှာ သိမ်းယူထားတဲ့လယ်ယာမြေထဲမှာ ဝင်ရောက်တဲထိုးလို့ဆိုပြီး နှစ်ရက်ကြာ ရဲစခန်းမှာ နှစ်ရက်ကြာ အဖမ်းခံထားရတဲ့ လယ်သမား (၁၀) ယောက်ကို မနေ့ညနေပိုင်းက အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီ လယ်သမား ၁၀ ဦးကို ပြခဲ့တဲ့ သြဂုတ်လ ၂၆ ရက် နေ့ က ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က လယ်သမား(၄၂) ယောက်ပိုင်ဆိုင်တဲ့ လယ်ဧက ၁၀၀၀ (တစ်ထောင်) ကျော်ကို အစိုးရကိုပေးရမယ့် အခွန်မကျေလို့ဆိုပြီး ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး က သိမ်းယူခဲ့တာ လို့ လယ်သမားတွေက ပြောပါတယ်။
အဲ့ဒီနောက်ပိုင်း မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက တခြားလယ်သမားတွေကိုရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် ဇွန်လဆန်းပိုင်းလောက်က မူလပိုင်ရှင်လယ်သမားတွေက တဲတွေဝင်ဆောက်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူး ထံက ၀ယ်ယူခဲ့တဲ့ လယ်သမားတွေက ပိုင်နက်ကျူးလွန် မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
လယ်သမား ၁၀ ဦးဟာ လာမယ့်စက်တင်ဘာလ ၃ ရက်နေ့မှာ ရုံးချိန်းတက်ရောက်ရမှာ ဖြစ်ပါတယ်။

ဖျာပုံ မီးငြှိမ်းရန်အသွား မီးသတ်ယာဉ်တိမ်းမှောက်၊ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ဖျာပုံ မီးငြှိမ်းရန်အသွား မီးသတ်ယာဉ်တိမ်းမှောက်၊ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

Written By Thit Lwin on Tuesday, December 31, 2013 | 4:34 PM

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ၁၂ ရပ်ကွက်ရှိ စက်မှုလယ်ယာဝင်း အတွင်းတွင် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်ကျွမ်း သောကြောင့် ဖျာပုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းရန် မီးသတ်ယာဉ်နှစ်စီး သွားရောက်စဉ် မီးသတ်ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့သဖြင့် သန္ဓေမီးသတ် တပ်သားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်မီးသတ် တပ်ဖွဲ့ဝင် ငါးဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

စက်မှုလယ်ယာဝင်း အတွင်းရှိ ကုန်သွယ်လယ်ယာအဆောက်အအုံ အနီးတွင် ဆောက်လုပ်ထားသော နေအိမ်တွင်း မျက်နှာကြက်၌ တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်း ခဲ့ချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာသော မီးသတ်ယာဉ်နှစ်စီး အနက် မီးသတ်ယာဉ် တစ်စီးမှာ အမှတ် (၂) လမ်းအတွင်းမှ မီးလောင်နေရာသို့ ဝင်ရောက်စဉ် ယာဉ်ရှေ့ရှိ ဆိုင်ကယ်ကို ဖြတ်ကျော်ရာမှ အရှိန် မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင်း နေသူများထံမှ သိရှိရသည်။

"မီးသတ်ကားက ဥသြဆွဲပြီး လမ်းထဲကို အရှိန်နဲ့ ဝင်လာတုန်း လမ်းပေါ်မှာ ဆိုင်ကယ်က ရပ်ထားတာကြောင့် လမ်းဘေးက ဝိုက်ပြီး ကျော်တက်တာ။ လမ်းက တစ်ဖက်နိမ့် ဖြစ်နေပြီး မီးသတ်ကားပေါ်မှာ ရေဝိတ်ပါတာကြောင့် ကားက စောင်းပြီး လိမ့်ထွက်သွားတာ" ဟု မျက်မြင် တွေ့ရှိခဲ့သော ကိုဇေယျာထွန်းက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက်စဉ် သန္ဓေမီးသတ်တပ်သား ကိုကျော်ဖြိုးဇင်မှာ ရေတိုင်ကီအောက်တွင် ပိမိနေသဖြင့် အနီးရှိ လူ ၂၀ ဦး ကျော်ခန့်က မီးသတ်ယာဉ်ကို ဝိုင်းတွန်းကာ ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိသောကြောင့် အနီးရှိ ဆီဆိုင်မှ ကရိန်းယာဉ်၏ အကူအညီဖြင့် ဆွဲထုတ်နိုင်ခဲ့သော်လည်း ကိုကျော်ဇင်ဖြိုးမှာ ခါးကို ရေတိုင်ကီ ပိထားသော ဒဏ်ကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ဖျာပုံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"မီးလောင်တဲ့အိမ်ကို ကျန်တဲ့ မီးသတ်ယာဉ် တစ်စီးက နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်။ ယာဉ်တိမ်းမှောက် တုန်းက လွင့်စဉ်ပြီး ပွန်းပဲ့ ဒဏ်ရာရရှိသွားတဲ့ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ ငါးဦးကို ရပ်ကွက်ထဲက လူတွေက ဆိုင်ကယ်နဲ့ ဆေးရုံလိုက် ပို့ပေးခဲ့တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေအိမ်ပိုင်ရှင် ဦးကျော်ကျော်ဦးကို ဖျာပုံမြို့နယ် ရဲစခန်းမှ (ပ) ၃ဝ၈/ ၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်းနှင့် မီးသတ်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ယာဉ်မောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားပြီး အမှုနှင့် ပတ်သက်၍ ယာဉ်ထိန်း တပ်ဖွဲ့စုမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဖျာပုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

ဖျာပုံမှသတင်းထူးလေးများ

ဖျာပုံမှသတင်းထူးလေးများ    





                         www.moi.gov.mm/npe:zg/content/29/.../id-1646